လူတိုင်း root ဖောက်တယ် root လုပ်တယ်ဆိုတာကြားဖူးကြမှာပါ။ rootဆိုတာ system အတွက် acess ရအောင် ခွင့်ပြုမိန့်တောင်းတဲ့သဘောပါ။ ပြီးတော့မြန်မာဖောင့် တို့ မြန်မာလက်ကွက်ကီးဘုတ်တို့ကိုထည့်သွင်းနိုင်ရန်အတွက်ပါ။ androidဖုန်းတစ်လုံးဟာ သူ့ရဲ့ os မှာကန့်သတ်ချက်တွေရှိပါတယ်။ဥပမာ အားဖြင့် original firmware ကြီး တစ်ခုလုံးမှာ english font ပဲအသုံးပြုလို့ရမယ်လို့ သတ်မှတ်ထားတယ်။ကိုယ်က ကန့်သတ်ထားတာထက်ပိုသုံးချင်တယ် အဲဒီအတွက် root ဖောက်တယ်ဆိုတာဖြစ်ပေါ်လာရတာပါ။ဒီနေရာမှာမြန်မာဖောင့်တစ်မျိုးထဲကိုပြောတာမဟုတ်ဘူးနော်။ system ကြီးတစ်ခုလုံးကိုဝင်မွှေလို့ရပါတယ်။system app တွေ uninstall လုပ်တာမျိုးတို့ အကုန်ဝင်ပြင်လို့ရပါတယ်။ အရမ်းတော့မကလိပါနဲ့အခန့်မသင့်လျှင် firmware ပျက်သွားနိုင်ပါတယ်။android ဟာ linux kernel ပေါ်မှာလည်ပတ်တဲ့အတွက် root လို့ခေါ်ဆိုခြင်းဖြစ်ပါသည်။root ဖောက်ထားတဲ့ဖုန်းမှာ RAM တိုးခြင်းတို့ကိုဆောင်ရွက်နိုင်ပါသည်။ကဲrootဆိုတာကိုအလွယ်ဆုံးပြောရရင် လှောင်အိမ်ထဲက ငှက်တစ်ကောင် လှောင်အိမ်ကလွတ်ပြီးသူပျံသန်းချင်ရာပျံသန်းနိုင်သလိုပေါ့ ဗျာ။
အမှားပါသွားခဲ့ရင် sorry ပါဗျာကျွန်တော်လည်းသင်ယူဆဲပါ။
Wednesday, July 10, 2013
ROOT အကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment